ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း က မကျီးထုံးအုပ်စုအတွင်းရှိ ကျေးရွာများသို့ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း၍ ဆောင်းနေကြာသီးသန့်စိုက်ပျိုး ထုတ်လုပ်တောင်သူများနှင့် တွေ့ဆုံ၍အစုအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


ထို့နောက် မကျီးထုံးအုပ်စုအတွင်းရှိ မကျီးထုံ၊ ဆင်လူး၊ ကွေ့မ၊ ကြို့ကုန်း၊ ဆိတ်တဲ ကျေးရွာ နေကြာသီးနှံ (ဆောင်းသီးနှံ) သီးသန့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူ (၁၂)ဦးတို့နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရေး၊ ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာသီးသန့် စိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ ဖွဲ့စည်းထားရှိပြီး ထွက်ရှိလာသည့် သီးနှံများဈေးကွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စသည်တို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး က ကွင်းဆင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မကျီးထုံးအုပ်စုကျေးရွာအတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးသူ အစုအဖွဲ့ ဖွဲ့စည်းရာတွင် မကျီးထုံးကျေးရွာ ဦးကြီးရွှေ (အဖွဲ့ခေါင်းဆောင်) နှင့်အဖွဲ့ဝင် (၁၁)ဦးတို့ဖြင့်ဖွဲ့စည်း၍ ဆောင်းနေကြာစိုက်ဧက မကျီးထုံးကျေးရွာတွင် (၄၇)ဧက၊ ကြို့ကုန်ကျေးရွာတွင် (၂၀) ဧက၊ ဆင်လူးကျေးရွာတွင် (၁၂)ဧက၊ ကွေ့မကျေးရွာတွင် (၅)ဧက၊ ဆိတ်တဲကျေးရွာတွင် (၂၂)ဧက စုစုပေါင်း ဆောင်းနေကြာစိုက်ဧက (၁၀၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အစုအဖွဲ့ခေါင်းဆောင် ဦးကြီးရွှေထံမှ သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)