ငါန်းဇွန်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်း နည်းပညာပေးကွင်းပြပွဲနှင့် ကြားထွန်လိုက်စက်ကိရိယာအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်း နည်းပညာပေးကွင်းပြပွဲနှင့် ကြားထွန်လိုက်စက်ကိရိယာအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၂၄


မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အမှတ်(၄)ကွင်း၊ ကွင်းအမှတ်(၉၁၅) တောင်သူ ဦးထွန်းကြီးနှင့် တောင်သူ ဦးညိုလွင်တို့၏ မိုးချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) မျိုးစေ့ထုတ်စိုက်ခင်း၌  နည်းပညာပေးကွင်းပြပွဲနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ကြားထွန်လိုက် စက်ကိရိယာအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက ဝါစိုက်ပျိုးတောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အထွက်ကောင်းပြီး ဝင်ငွေတိုးတက်မြင့်မားလာကာ လူမှုစီးပွားမြင့်မားစေရေးကို အထောက်အကူပြုကြောင်းနှင့် ဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းမျိုးစေ့များ ပိုမိုးအသုံးပြု စိုက်ပျိုးဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်များ ရရှိလာပြီး ဒေသ၏ မျိုးစေ့လိုအပ်ချက်အား လွှမ်းခြုံနိုင်ရေးအပြင် မျိုးစေ့ထုတ်စိုက်ပျိုးဆောင်ရွက်ခြင်းအားဖြင့် ရရှိလာမည့် မျိုးစေ့များကိုလည်း ဝါစိုက်တောင်သူများ အလွယ်တကူရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ချည်မျှင်ရှည်ဝါမျိုး (၄)မျိုးကို မျိုးယှဉ်ပြိုင်စမ်းသပ်ဆောင်ရွက်နိုင်ခြင်းဖြင့် ရေမြေရာသီဥတုနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများ ရရှိလာစေရန်၊ တောင်သူများလက်ခံသော မျိုးကောင်းမျိုးသန့်များ ကျယ်ပြန့်စွာ စိုက်ပျိုးလာစေရန်စသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွေနွေးပြောကြားသည်။


ဆက်လက်၍ စိုက်ခင်းအတွင်း ကြားထွန်လိုက် စက်ကိရိယာအသုံးပြုနိုင်ရန်အတွက် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ရာ တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည့် မေးမြန်းမှုများအား မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင် ဦးတင်နု၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဝါစိုက်တောင်သူများ တက်ရောက်ကြသည်။                                                         


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)