မွန်ပြည်နယ် ၊၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ကြမည့် ဘီးလင်းမြို့နယ်မှ ပြိုင်ပွဲဝင် များအားထောက်ပံငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ၊၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ကြမည့် ဘီးလင်းမြို့နယ်မှ ပြိုင်ပွဲဝင် များအားထောက်ပံငွေပေးအပ်




MNP ၊ စက်တင်ဘာ ၃

မွန်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက်မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် ပြိုင်ပွဲဝင်များအား ထောက်ပံငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံငွေ ပေးအပ်ရာတွင် ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဘီးလင်းမြို့နယ်ကိုယ်စားပြု  အဆိုပြိုင်ပွဲဝင် ၄ ဦး ၊အကပြိုင်ပွဲဝင် ၁ ဦး ၊ အတီး၊အရေးပြိုင်ပွဲဝင် ၁ ဦး၊ အတီးပြိုင်ပွဲဝင် ၅ ဦး ၊ စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း ပြိုင်ပွဲဝင်ရောက်ကြမည့်သူများအတွက် ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးစည်သူအောင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူးနိုင်အောင်ထွန်းက ထောက်ပံ့ငွေကျပ် ၅သိန်းနှင့် ဒေသကိုယ်စားလှယ် ဦးအောင်ချိုဦးက ထောက်ပံ့ငွေကျပ် ၃ သိန်းတို့အား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သိရှိရသည်။ 


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)