သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေး

 



MNP - စက်တင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ မရမ်းချိုကျေးရွာနှင့် ပျဉ်းမထုံးကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း (၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ဆောင်ရွက်ပေးလျက်ရှိကြသည်။


ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ကြရာတွင် အဖွဲ့အမှတ်(၁)မှ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ရမ်းချိုကျေးရွာအုပ်စု၊ မရမ်းချိုကျေးရွာ၊ သာသနာ့ဝုဎိ့ကျောင်းတိုက် ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဌာနဆိုင်ရာများ၊ အဖွဲ့အမှတ်(၂)မှ ပျဉ်းမထုံးကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ဌာနဆိုင်ရာများက ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မရှိစရေေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းဆင့်အထိ ပညာသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆)ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာဂဏ္ဍာအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြသည်။


ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)