ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာတွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာတွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

 



MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာတွင် အသက်(၁၈) နှစ်နှင့်အထက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး (ဒုတိယ)အကြိမ် ထိုးနှံရန် ကျန်ရှိနေသော ရဟန်း၊ သံဃာ၊ ပြည်သူများကို စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။


ရေနံတောင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသော အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူ(၁၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေး နိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေး တာဝန်ကျ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် သက်ဆိုင်ရာ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကာကွယ်ဆေးထိုး ပြီးပါက ဘေးထွက် ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)