မုံရွာမြို့ကမ်းနားလမ်းတွင် တန်ဖိုးသင့်စားသောက်ကုန်များ လှည့်လည်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ကမ်းနားလမ်းတွင် တန်ဖိုးသင့်စားသောက်ကုန်များ လှည့်လည်ရောင်းချပေး

 



MNP - စက်တင်ဘာ   ၈


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန်ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် စားသောက်ကုန်ရောင်းချရေး အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့် တန်ဖိုးသင့် စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ မုံရွာမြို့ ကမ်းနားလမ်း ဇာတ်ဆိပ်တွင် စတင်ရောင်းချပေးခဲ့ကြကြောင်း သိရသည်။


တန်ဖိုးသင့် စားသောက်ကုန်အရောင်းဆိုင်အနေဖြင့် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြီ၊ ဆီ တစ်ဆယ်သား၊ ကြက်သွန်နီ အစိတ်သား၊ အာလူးအစိတ်သားပါ ( ၄ )မျိုးအတွက် စုစုပေါင်း ကျသင့်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


"‌အခြေခံပြည်သူတွေ သက်သာချောင်ချိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ အဓိကစားကုန် ၄ မျိုးကို ၃၀၀၀ ကျပ်နှုန်းနဲ့ တစ်ရက်မှာ အိမ်ထောင်စုပေါင်း ၃၀၀ ကို ရောင်းချပေးသွားမှာဖြစ်ပြီး ဒီကနေ့ စတင်ရောင်းချတာဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်" ဟု မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။


"အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းမြင့်မားလာမှုကြောင့် ပြည်သူများ အခက်အခဲဖြစ်နေချိန်၊ အဓိကအားဖြင့် အခြေခံလူတန်းစားတွေ၊ လက်လုပ်လက်စားတွေအတွက် အခုလိုရောင်းချပေးတာဆိုတော့ အထိုက်အလျောက် အဆင်ပြေတာပေါ့။ အခြေခံစားသောက်ကုန် ၄ မျိုး အပြင်မှာဆို ဒီနေ့ပေါက်ဈေးနဲ့တွက်ရင် ငွေကျပ် ၆ ထောင်‌ ကျော်လောက် ကုန်ကျမှာကို  ၃ ထောင် ကျပ်နဲ့ ဝယ်ယူရလို့ ထက်ဝက်လောက်သက်သာပါတယ်" ဟု မုံရွာမြို့မှ ဈေးဝယ်သူ တစ်ဦးက ပြောပြပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)