မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP ၊ စက်တင်ဘာ ၃

မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက် ခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ နန်းချောင်းကျေးရွာ သီတဂူမျက်စိဆေးရုံနှင့် အမက(အောက်နန်းချောင်း)တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်နယ်မြေခံတပ်မတော်သားများ စုစုပေါင်း အင်အား (၃၀၀)ခန့်က စုပေါင်း၍ကျောင်းများ  မြို့သန့်ရှင်း သာယာလှပရေး အတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)