ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 


MNP - စက်တင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၄)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်က သင်္ကန်းကုန်း‌ကျေးရွာ၊ အထကကျောင်းတွင် ကျင်းပခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါ၍ သာသနာ့ဝိပုလကာရီရွှေ ကျောင်းတွင်မြို့နယ် လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန၊ပုံ စံ ၆၆/၆ များအား Door to Door စနစ်ဖြင့် ကွင်ဆင်းစိစစ် ဆောင်ရွက်‌နေမှုနှင့်‌ ဒေသခံပြည်သူများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Does ထိုးနှံနေမှု ကြည်ရှုစစ်ဆေးခဲ့သည်။


အခမ်းအနားတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက‌ ဆွေးနွေးပြောကြာရာတွင် ဒေသတွင်းလုံခြုံ‌ရေး တည်ငြိမ်‌အေးချမ်း‌ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးတို့ကို‌ ဆွေးနွေးပြောကြားခဲ့ပြီး၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲမှူး မြင့်ရွှေက ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲစည်းထားရှိမှု အခြေအနေနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားပါသည်။ အဖွဲ့ဝင်(၃) ဦးမောင်မောင်လွင်က ဆွေးနွေးပြောကြားရာတွင် အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ များအား Door to Door စနစ်ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု အခြေအနေနှင့် လူဦးရေစာရင်းများ မှန်ကန်မှုရရှိစေရေး ဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းအောင်က ဆွေးနွေးပြောကြားရာတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးဖြစ်ပွားလာပါက စုပေါင်းကာကွယ် ဖြေရှင်းရေး ဆွေးနွေးပြောကြားသည်။


ဆက်လက်ပြီး ကိုယ်ဝန်ဆောင်မိခင်(၄၀)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက်ကလေး (၇၃)ဦးအား ထောက်ပံ့‌ပေးအပ်ခြင်း၊ Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးပြီးဖြစ်သည့် အိမ်ထောင်စု(၅၇၈) စုသို့ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုနောက်တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မေးမြန်တင်ပြကြရာ တိုက်နယ်ဆေးရုံ ခွင့်ပြုချထားပေးရန်နှင့် အလယ်ကျွန်း(၂)ရေငံတာအတွင်းရှိ နကုန်းအုပ်စု၊ သင်္ကန်းကုန်းအုပ်စုတို့မှတောင်သူ မိုးစပါးစိုက်ဧက ၃၀၀ ခန့် ရေနှစ်မြုပ်မှုရှိသည့်အတွက် တိမ်ကောနေသော ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ရန်၊ အထကသင်္ကန်းကုန်းကျောင်းမှ ကွန်ပျုတာလိုအပ်ပါသဖြင့် ဖြည့်စည်းဆောင်ရွက်ပေးရန်‌ တင်ပြ‌ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ညှိနှိုင်းပေါင်းစပ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့‌ ဒေသခံပြည်သူ(၁၂၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)