သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် အဋ္ဌမအကြိမ်မြောက် မဟာဒုတ် အလှူတော်ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် အဋ္ဌမအကြိမ်မြောက် မဟာဒုတ် အလှူတော်ပြုလုပ်

037

038

039

040


MNP ၊ စက်တင်ဘာ   ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၏ ၂၀၂၂ ခုနှစ်၊ အဋ္ဌမအကြိမ်မြောက် ကျေးရွာလုံးဆိုင်ရာ မဟာဒုတ် သံဃာ့ဒါန ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက ကျေးရွာသံဃာ့နာယကဆရာတော်ကြီးများ၏ သြဝါဒဖြင့် ရွှေကြာရံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သံဃာ့ဒါနပူဇော်ပွဲကျင်းပရာတွင် အောင်ဘာလေ မဟာဒုတ်ဘုရားမဲ ဆွတ်ခူးခဲ့သည့် ကံထူးရှင်ကျေးရွာသားတစ်ဦး၏ နေအိမ်၌ အဆိုပါ မဟာဒုတ်ဘုရားအား ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြပြီးနောက် ကျေးရွာအတွင်းရှိ မဟာဒုတ် ပူဇော်ပွဲ ပြုလုပ်သည့် နေအိမ်များအလိုက် စာရေးတံမဲကျထားသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်ခြင်း၊ တရားတော်များ နာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြသည်။


ထို့နောက် ဖိတ်ကြားထားသော ရပ်နီးရပ်ဝေးမှ ဧည့်ပရိသတ်များအား မဟာဒုတ် သံဃာ့ဒါန ပူဇော်ပွဲ ပြုလုပ်သည့် နေအိမ်များအလိုက် အဟာရဒါနများဖြင့် ကျေးရွာလုံးကျွတ် တပျော်တပါး ကျွေးမွေးဧည့်ခံကြသည်။


မြန်မာနိုင်ငံအောက်ပိုင်းဒေသ ပအိုဝ်းလူမျိုးများ အများဆုံးနေထိုင်သည့် သထုံမြို့နယ် ဒုံဝန်းကျေးရွာတွင် မဟာဒုတ် သံဃာ့ဒါန ပူဇော်ပွဲကို တစ်ကြိမ် ပြုလုပ်ပါက ၃ နှစ်ဆက်တိုက် ပြုလုပ်လေ့ ရှိကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages