ကျောင်းကုန်းမြို့နယ် မင်္ဂလာလမ်းအားကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့နယ် မင်္ဂလာလမ်းအားကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်



MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဈေးနှုန်းအဆိုပြုလွှာစနစ်ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများမှ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာလမ်း ကွန်ကရစ်ခင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့ သွား ရောက်ကြည့်ရှုခဲ့ကြပြီး၊ လမ်း၏အရှည် (၅၁၆)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ခင်းမည်ဖြစ်သော်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်း၍ လမ်းအကျယ်(၄)ပေ တိုးချဲ့ကာ (၁၆)ပေ ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ အမှတ်(၁)ရပ်ကွက် ဆုတောင်းပြည့်လမ်း၊ အမှတ်(၂)ရပ်ကွက် မြို့မကျောင်းလမ်း၊ အမှတ်(၂)ရပ်ကွက် ဘုင့်နောင်လမ်း၊ (၅)ရပ်ကွက် စစ်ကိုင်းဒေါင့်လမ်း တို့ကို ကွန်ကရစ်လမ်းခင်းမည်ဖြစ်ပြီး၊ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းနှင့် မဟာဗောဓိဖြတ်လမ်း၊ အမှတ်(၄)ရပ်ကွက် ဗလမင်းထင်လမ်းတို့ကို ကျောက်ချောလမ်း ခင်း‌သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)