မြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား သင်တန်းပို့ချ



MNP - စက်တင်ဘာ   ၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သင်တန်းပို့ချသည်။


 အဆိုပါသင်တန်းဖွင့်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းတွင် သင်တန်းနည်းပြ ဒုတိယရဲမှူး မျိုးဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ၊ နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု သင်ခန်းစာများကို စက်တင်ဘာ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ပို့ချသွားမှာဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား ၃၀ ဦးတက်ရောက်ကြောင်း သိရသည်။


သတင်း - သူရိန် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)