ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး မိုးရာသီလူသစ်တန်း အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲနှင့် ကျောင်းအခြေပြု အဆင့်မြင့်စက်ချုပ်သင်တန်း (၃/၂၀၂၂)ဆင်းပွဲများသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး မိုးရာသီလူသစ်တန်း အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲနှင့် ကျောင်းအခြေပြု အဆင့်မြင့်စက်ချုပ်သင်တန်း (၃/၂၀၂၂)ဆင်းပွဲများသို့ တက်ရောက်အားပေး

 




MNP - စက်တင်ဘာ   ၈


ကချင်ပြည်နယ်အတွင်း ဘော်လီဘောအားကစား တိုးတက်မြှင့်မားရေးနှင့် မျိုးဆက်သစ် ကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘော်လီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မိုးရာသီလူသစ်တန်း အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယနေ့ ပြိုင်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် အားကစားသမားများကို ကြိုတင်ရွေးချယ်စုဖွဲ့လေ့ကျင့်ပြီး နောင်နှစ်များတွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများအတွက် ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် အားကစား သမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်ဘောလီဘောအသင်းရဲ့ ရရှိပြီးဖြစ်သည့် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အားကစာသမားများအပါအဝင် ဆပ်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားရေး တိုက်တွန်းပြောကြားသည်။


ထို့နောက် ၇.၉.၂၀၂၂ ရက်နေ့မှ ၉.၉.၂၀၂၂ ရက်နေ့အထိ ဘော်လီဘောပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြသွားကြမည့် အမျိုးသားအသင်း (၁၂)သင်းနှင့် အမျိုးသမီး (၆)သင်းတို့အား ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိူးသားသာဂရအသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


အလားတူ ပြည်နယ်ဝန်ကြီးသည် မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြစ်ကြီးနား)၌ ၂၅.၇.၂၀၂၂ ရက်နေ့မှ ၂.၉.၂၀၂၂ ရက်နေ့အထိ (၁) လကျော်ကြာ ကျောင်းအခြေပြုသင်တန်း အဆင့်မြင့်စက်ချုပ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂) ဆင်းတန်းဆင်းပွဲသို့ တက်ရောက်သည်။


သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးက သင်တန်းသူများအနေဖြင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ သင်ကြားလိုက်သည့် အသက်မွေးဝမ်းပညာကျောင်းမှ သင်ကြား ပေးလိုက်သည့် အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူကြပြီး အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ပါက မိမိတတ်သည့် အတတ်ပညာဖြင့် ဘဝကို ရပ်တည်နေထိုင် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်ကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး သန်းအောင်က ကျောင်းအခြေပြုသင်တန်းသူ (၂၀)ဦးတို့အတွက် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)