မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 



MNP -  စက်တင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်လောဟာက မြောက်ဥက္ကလာပမြို့နယ် ကိုဗစ် ကူးစက်ခံရမှုမှာ တတိယအဆင့်ဖြစ်နေပါတယ် အဲဒီအတွက် အားလုံးဂရုစိုက်ကြပါ ကာကွယ်ဆေး မထိုးရသေးရင်ထိုးကြပါ Mask Campaign တွေကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်မြင်ပြီး ကျောင်းသားကျောင်းသူများအား မြို့နယ်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲရှိသဖြင့် ဌာနဆိုင်ရာများ အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်-၁ ဗိုလ်မှူးချမ်းမြေ့ဦးက မိမိလုံခြုံရေး မိမိရုံးလုံခြုံရေးများကိုလည်း ဂရုစိုက်ကြပါ ထူးခြားဖြစ်စဉ် အခြေအနေမျိုးရှိလာပါက ဆက်သွယ်အကြောင်းကြားပေးကြပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှလည်း မိမိတို့လုပ်ငန်း ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြလာမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိင်္ဂီပြည့်ဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)