MNP ၊ စက်တင်ဘာ ၁၀
နိုင်ငံတော်က ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြည်သူလူထုသိရှိအောင် ဆောင်ရွက်ပေးရန်နှင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကိုလည်း နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်ကြရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
ယမန်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ခရိုင်နှင့် မြို့နယ်တို့မှ ဝန်ထမ်းများ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် (မန္တလေး) မှ ဝန်ထမ်းများ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) မှ ဝန်ထမ်းများ၊ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (မန္တလေး) မှ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်လည်း မိမိ တို့၏ အရည်အချင်းကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ မိမိတို့တတ်မြောက်သည်များကို အခြား ဝန်ထမ်းများသို့ လက်ဆင့်ကမ်း မျှဝေပေးကြရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လိုလားချက်၊ ဆန္ဒများကို သိရှိနေရန် လူထုသဘောထားအမြင်များကိုလည်း အမြဲလေ့လာ ဆောင်ရွက်နေရန်နှင့် ကောင်းမွန်သည့် လူထုသဘောထားအမြင်များ ဖြစ်ပေါ်လာစေရန် ပြည်သူ့ဆက်ဆံရေး နည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment