ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာ‌ဘေးကင်းလုံခြုံစေရေးအတွက် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူရောင်းချမရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာ‌ဘေးကင်းလုံခြုံစေရေးအတွက် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူရောင်းချမရှိစေရေး ကွင်းဆင်းစစ်ဆေး



MNP - စက်တင်ဘာ   ၈


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ခွင့်ပြုချက်မရှိသော  စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် တရားမဝင် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကုန်အညွှန်းအမှတ်တံဆိပ်မပါသော စားသောက်ကုန်များ၊ ရောင်စုံဂျယ်လီ၊ NEW Choice မက်မန်းသီး၊ Happy Bel Bel သံပုရာရည်၊  နိုင်ငံကျော် သရဖူအရောင်တင်မှုန့်၊ Happy ဆေးမန်ကျည်း၊ Power Bull Energy Drink  စသည့် စားသောက်ကုန်ပစ္စည်း (၆)မျိုးအား  ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)