တံတားဦးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေး ယာယီဓာတ်အားလိုင်း ပိတ်၍ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေး ယာယီဓာတ်အားလိုင်း ပိတ်၍ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂၂


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများ လျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် မလွတ်ပင်းသော သစ်ပင်သစ်ကိုင်းများ  ခုတ်ထွင် ရှင်းလင်းခြင်း  ပြည်သူများ ဓာတ်အားပြည့်ဝစွာဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အား ပြတ်တောက်မှုများ မရှိစေရေးတို့အတွက်  ယနေ့နံနက်(၉)နာရီက ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်နေရာများတွင် စုပေါင်းဆောင်ရွက်ကြကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် အငယ်တန်း အင်ဂျင်နီယာ-၂ တိုးဦးဆောင်ပြီး  တံတားဦးမြို့နယ်အတွင်း ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဓာတ်အားလိုင်းအတွင်း ပျောက်ဆုံးယူနစ် လျော့နည်းကျဆင်းစေရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တံတားဦးမြို့နယ်တွင် ၂၃၀/၃၃/၁၁ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားသည့် ၃၃ကေဗွီ ဘဲလင်း-စဉ့်ကိုင်-တံတားဦးလိုင်း (တံတားဦးအခြမ်း)အား ကြွေသီးများလဲလှယ်ခြင်း၊ Jumper Connection များပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နီးကပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီခွဲအချိန်မှ မွန်းလွဲ(၁)နာရီအချိန်ထိ ဓာတ်အားလိုင်းယာယီပိတ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။


မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကြီးကြပ်မှုအောက်ရှိ  တံတားဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် ဖီဒါ(၇)ခုရှိပြီး လျှပ်စစ်မီးသုံးစွဲသူပေါင်း(၂၄၈၄၆)ဦး ရှိပါကြောင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းသန့်ရှင်းရေးတို့ကို အပတ်စဉ်အနေဖြင့်လည်း ဝန်အားလျော့ကာလများတွင် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ထံမှသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)