ခရမ်းမြို့နယ် ကျေးလက်ရုံးတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် ကျေးလက်ရုံးတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

 


MNP - စက်တင်ဘာ   ၃၀


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေလူငယ်များ ခေတ်နှင့်လျော်ညီစွာ အခြေခံကွန်ပျူတာနည်းပညာများ တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီကကျင်းပခဲ့ကြောင်းသိရှိရသည်။


အခမ်းအနားတွင် သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်အေးအေးကြူ၊ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ထားထားနိုင်တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါသင်တန်းတွင်သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား အခြေခံကွန်ပျူတာနည်းပညာများကို စာတွေ့လက်တွေ့တစ်လကြာသင်တန်းပို့ချ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)