ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး



MNP - စက်တင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက် အရ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၉ နာရီကအချိန်က အမှတ်( ၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့သည်။


ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အိမ်ထောင်စု(၁)စုလျှင် ဆန်(၂)ပြည် ၃၀၀၀ ကျပ်နှုန်း၊ ကြက်ဥ (၅)လုံး ၈၀၀ ကျပ်နှုန်း၊ ဆား(၅၀)ကျပ်သား ၂၀၀ကျပ်နှုန်းဖြင့် စုစုပေါင်း ဆန် (၆၀၀) ပြည်၊ ကြက်ဥ (၂၀၀၀)လုံး၊ ဆား (၁၅၀)ပိဿာအား သက်သာ‌သော ဈေးနှုန်းရောင်းချပေးခဲ့သည်။


မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက် နိုင်‌ရေးအတွက် ရောင်းချပေးခြင်းကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရက်ကွက်/ကျေးရွာ အုပ်စုများသို့ အလှည့်ကျရောင်းချပေးသွားမည်ဖြစ် ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)