ပိုင်ကျုံမြို့၊ သစ္စာလမ်း၌ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၊ သစ္စာလမ်း၌ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

 



MNP - စက်တင်ဘာ   ၃၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှတ် (၂) ရပ်ကွက် သစ္စာလမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာအုတ်စီရေမြောင်း တည်ဆောက်ခြင်းကို ယမန်နေ့က စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင်    ကရင်ပြည်နယ်အစိုးရအဖွဲ့၏   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၉.၄၆) သန်းဖြင့် အရှည် ၃၂၀ပေ၊  အကျယ် ၂ပေ၊ အမြင့် ၃ ပေရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ  ပြီးစီးနိုင်ရေး အတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က  အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင် ရေစီးရေလာ ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသ‌နေများအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)