MNP - စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲများကို စက်တင်ဘာ(၅)ရက်၊ နံနက်(၈)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနှင့် နီလာခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့အဖြစ် “ခေတ်ဟောင်းကာလပေါ် အဆို ဘာသာရပ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် အဆိုဘာသာရပ်” တို့ကို ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း၊ အရေးပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲနှင့် ကွက်စိပ်ပြိုင်ပွဲများကို တက္ကသိုလ်ဝင်းအတွင်းရှိ နီလာခန်းမတွင်လည်းကောင်း တစ်ပြိုင်တည်း ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာ မြတ်နိုးသူ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တတိယနေ့ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment