၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၁၄


“ရှေးဦးပြုစုအတတ်ပညာ ဘဝသက်တာသင်ယူပါ”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်၏ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်မြို့နယ်များအား ဆုများချီးမြှင့်ခြင်း၊ ပညာရည်ထူးချွန်ကြသည့် စေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များ၊ ထူးချွန်စွာဆောင်ရွက်ကြသည့် မြို့နယ်အသင်းခွဲများနှင့် အကြိမ်(၁၀၀) အထက်သွေးလှူရှင်များကို ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့သည်။


အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဗဟန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ကျားတစ်ဦးချင်း ပထမ၊ မတစ်ဦးချင်း တတိယ ၊ ကျားနှစ်ဦးတွဲ ပထမနှင့် မနှစ်ဦးတွဲပထမဆုများ ရရှိခဲ့ပြီးအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမရာမော်နိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဌာနမှူးများ၊ တိုင်း၊ ခရိုင်ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီဝင်များနှင့်တပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှဥက္ကဋ္ဌနှင့်တပ်ဖွဲ့မှူးများ၊ ပြိုင်ပွဲဝင်ရဲဘော်ရဲမေများ တက်ရောက်ကြကြောင်းသိရသည်။


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)