ပြည်ဖျက်မီဒီယာ တစ်ခုက သံဃာတော်များကို အသုံးချ၍ မဟုတ်မမှန် ရေးသားဖော်ပြမှုများ ပြုလုပ်၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် ဖန်တီးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာ တစ်ခုက သံဃာတော်များကို အသုံးချ၍ မဟုတ်မမှန် ရေးသားဖော်ပြမှုများ ပြုလုပ်၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် ဖန်တီးလျက်ရှိ






MNP ၊ စက်တင်ဘာ ၆

ပြည်ဖျက်မီဒီယာတစ်ခုအဖြစ် ရပ်တည်နေသည့် ပြည်ပြေး သာလွန်ဇောင်းထက် ဦးဆောင်သည့် ခေတ်သစ်မီဒီယာမှ လက်သုံးချောင်းထောင် သံဃာတော်များ၏ ရုပ်ပုံများကို စာသားအမျိုးမျိုး ပြောင်းလဲအသုံးပြု၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်နေသည့်အပေါ် တည်ငြိမ်အေးချမ်းမှု လိုလားသည့် ပြည်သူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုလိုက်သည်။

ခေတ်သစ်မီဒီယာ မှ မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရသည့် NLD ပါတီကို အားပေးထောက်ခံသည့် လက်သုံးချောင် သံဃာတော်များ၏ ဓာတ်ပုံအဟောင်းများတွင် စာသားများပြုပြင်ဖန်တီး ရေးသား၍ မီဒီယာကျင့်ဝတ်နှင့် မညီဘဲ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် မကြာခဏ ပြန်လည်ရေးသားလှုံ့ဆော်နေခြင်း ဖြစ်သည်။

တည်ငြိမ်အေးချမ်းမှုလိုလားသည့် သံဃာတော်တစ်ပါးက "နိုင်ငံရေးအရ NLD ကို အားပေးတဲ့ ဘုန်းကြီးလည်း ရှိမယ်။ အားမပေးတဲ့ ဘုန်းကြီးလည်း ရှိမယ်။ ဒီကောင်တွေ ဖော်ပြနေတဲ့ ပုံတွေက ဟိုးအစောပိုင်းက လက်သုံးချောင်ပြီး တင်ခဲ့တဲ့ပုံတွေပါ။ အခု အဲဒီပုံတွေမှာ စာတွေအမျိုးမျိုးရေးပြီး တင်နေတာ။ ဒီလို လုပ်ရပ်မျိုးက မီဒီယာကျင့်ဝတ်နဲ့ ညီသလား။ သူတို့မှာ ကျင့်ဝတ်တွေ၊ သိက္ခာတွေ ဘာမှ မရှိတော့ဘူး။ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေအောင် အမျိုးမျိုးလှုံ့ဆော်နေတာပဲ။ ဗုဒ္ဓရဲ့ စာပေတွေကိုလည်း အသုံးချတယ်။ ဗုဒ္ဓရဲ့ တရားတော်က မိမိကိုယ်ကို ကောင်းအောင် ပြုပြုနိုင်ဖို့ ဟောဖော်ညွှန်ပြထားတာလေ။ အခု သူတို့ရေးသားထားတဲ့ စာနဲ့ ပတ်သက်လို့ ပြောပြမယ် "လောကမှာ ဖြစ်ပေါ်လာတဲ့ ဘေးဆိုးရန်ဆိုး အန္တရာယ်ဆိုး ဆိုးကျိုးမှန်သမျှဟာ လူမိုက်ကြောင့်သာ ဖြစ်ရ၏။ ပညာရှိတို့ကြောင့် မဖြစ်။" တဲ့။ ဒါအမှန်ပဲလေ။ အခု NLD က နိုင်ငံရေးသမားတွေ၊ ခေတ်သစ်မီဒီယာလို ပြည်ဖျက် မီဒီယာတွေက ပုဂ္ဂိုလ်တွေဟာ လူမိုက်တွေပဲ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၃၄၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့တဲ့ လူမိုက်တွေကြောင့် တိုင်းပြည်မှာ မငြိမ်းချမ်းနိုင်ပဲ ဖြစ်နေတာ မဟုတ်လား။" ဟု မိန့်ကြားသည်။

ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်မီဒီယာ က "စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်" ဟု ခေါင်းစဉ်တပ်၍ "စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် "လောကမှာ ဖြစ်ပေါ်လာတဲ့ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုး ဆိုးကျိုးမှန်သမျှ လူမိုက်ကြောင့်သာ ဖြစ်ရ၏ ပညာရှိတို့ကြောင့်မဖြစ် (မြတ်ဗုဒ္ဓ၊အံ၊၁။၉၉)" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။" ရေးသားဖြန့်ဝေထားခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "လုပ်ကြံဖန်တီးပြီး ဖြန့်ဝေရတာ လွယ်ပါတယ်ဗျာ။ ကျင့်ဝတ်သိက္ခာဆိုတာ သူတို့မှာ မရှိဘူး။ သူတို့က တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေဖို့ အဓိကရည်ရွယ်ချက်ပဲ။ လုပ်သင့် မလုပ်သင့်ဆိုတာ သူတို့မှာ မရှိဘူး။ သူတို့ ရေးသားဖော်ပြထားတာကိုပဲ အခြေခံပြီး ပြောမယ်ဆိုရင် ယနေ့ ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုး ဆိုးကျိုးတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေတာ ဘယ်သူတွေလဲ။ သူတို့တတွေပဲ လုပ်နေကြတာ မဟုတ်ဘူးလား။ ပြည်သူတွေ က ဦးနှောက်နဲ့ စဉ်းစားတတ်မယ်ဆိုရင်တော့ သူတို့ ဖန်တီးရေးသားထားတဲ့ အပေါ်မှာပဲ မှန်ကန်စွာ ဆင်ခြင်သုံးသပ်နိုင်မယ်ဆိုရင် ဆိုးကျိုးအမျိုးမျိုးဖြစ်ပေါ်အောင် လုပ်ကြံဖန်တီး လှုံ့ဆော်နေကြတဲ့ NUG, CRPH, PDF နဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းထားတဲ့ လူဆိုးတွေကို ရှောင်ကြဉ်ကြဖို့ပဲ ရှိပါတယ်။" ဟု သုံးသပ်ပြောဆိုထားသည်။

NLD ပါတီ၏ မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်သည့် အချိန်တွင် NLD ဦးဆောင်သူများနှင့် ပြည်ဖျက်မီဒီယာများ ပူးပေါင်း၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြပြီး CRPH, NUG, PDF အကြမ်းဖက်အဖွဲ့မျိုးစုံ ဖွဲ့စည်းကာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြရာ သံဃာတော် (၄၃) ပါး အပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၃၄၀၀) ကျော် သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)