ဒလမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဟူ၍ မြိုနယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်း က  အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်း စာကြည့်တိုက်များ ဆောင်ရွက်ထားရှိမှု အသုံးပြုပုံတို့ကို ကြည့်ရှု့ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။


အဆိုပါ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ အမှတ်(၅)အခြေခံ ပညာမူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၊  အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းစာကြည့်တိုက်များ ဆောင်ရွက်ထားရှိမှုနှင့်  ကျောင်းစာကြည့်တိုက်များ လိုအပ်သော စာအုပ်၊ ပရိဘောဂများစသောလိုအပ်ချက်များကို ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအဖွဲ့က ကွင်းဆင်းကြီးကြပ် လမ်းညွှန်အကြံပြုခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် ပညာရေးစစ်ကြောင်းကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂ ) ဦးရွှေလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနမှ ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ဆွေးနွေးရာတွင်  ဆရာ၊ဆရာများအနေဖြင့် ကျောင်းစာကြည့်တိုက်တွေက ကလေးပျော် စာကြည့်တိုက်တွေဖြစ်လာဖို့  အဓိကရည်ရွယ်လုပ်ဆောင်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းနေပျော်၍ စာတော်ရ မည်ဟူဆောင် ဆောင်ပုဒ်နှင့် ကျောင်းသင်ခန်းစာသာမက ပြင်ပဗဟုသုတရရှိစေရန်  စာကြည့်တိုက်သို့သွားရောက်၍ သုတ၊ ရသစာပေများကို လေ့လာစေရန်၊ စာကြည့်တိုက် ဆောင်ရွက်မှု အခြေအနေများပေါ်တွင် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - သီတာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)