ဝါးခယ်မမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

 


MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ  ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအားသွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ဝါးခယ်မမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ (ဒုတိယနှစ်ဝက်) စာမေးပွဲဖြေဆိုနေမှုနှင့် တတိယနှစ်ကျောင်းသား၊ ကျောင်းသူများ တတိယနှစ်စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးရာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည် များကိုမှာကြားကာ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)