တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ (တတိယအကြိမ်) အစည်းအဝေး သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ (တတိယအကြိမ်) အစည်းအဝေး သို့တက်ရောက်




MNP -  စက်တင်ဘာ  ၁၃


တနင်္သာရီတိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(တတိယအကြိမ်) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီ၏ တတိယအကြိမ် အစည်းအဝေးတွင် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နှင့် လမ်းညွှန်ချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဗဟိုအဆင့်ဆောင်ရွက်သည့်အခါတွင် လုပ်ငန်းများကို စုပေါင်း၍ တင်ပြနိုင်ရန်အတွက်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး သည် ပင်လယ်နှင့်ဆက်စပ်တည်ရှိသည့်အတွက် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှုကော်မတီအနေဖြင့် အလုပ်အကိုင်ပိုမိုတိုးတက်လာကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သယံဇာတနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသောပင်လယ်ကမ်းရိုးတန်းနှင့် တန်ဖိုးရှိလာသောသယံဇာတ များကိုမပျက်စီးအောင် ထိန်းသိမ် ပြီးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ကမ်းရိုးတမ်း နှင့်ပတ်သက်ပြီးငါး၊ ပုဇွန် စသည်များ၏ မွေးဖွားမှုနှုန်းကို ထိန်းသိမ်းနိုင်ဖို့ကလည်းအားနည်းလာသည်ကို တွေ့ရှိရကြောင်း၊ ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီက ချမှတ်ထား သောလုပ်ငန်းများနှင့် ပတ်သက်ပြီးဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၏ အခြေအနေများ အားဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ဗဟိုလုပ်ငန်း ကော်မတီ (ဒုတိယအကြိမ်)အစည်း အဝေးတက်ရောက်ဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးကဗဟိုကော်မတီ (ပထမအကြိမ်)၊ (ဒုတိယအကြိမ်)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်လုပ်ငန်း ကော်မတီ(ပထမအကြိမ်) (ဒုတိယအကြိမ်) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)