ပင်လောင်းမြို့၌ စံပြစိုက်ကွက် စိုက်ပျိုးသည့်တောင်သူများအား သက်သာသောနှုန်းထားဖြင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့၌ စံပြစိုက်ကွက် စိုက်ပျိုးသည့်တောင်သူများအား သက်သာသောနှုန်းထားဖြင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေး



MNP - စက်တင်ဘာ  ၈


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ၊ စပါးသီးနှံမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက် စိုက်ပျိုးတောင်သူများအား သက်သာသောနှုန်းထားဖြင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။ 


ရှေးဦးစွာ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှညိမ်းက ဈေးနှုန်းသက်သာစွာ   ဖြန့်ဖြူးရောင်းချပေးသည့် ဓာတ်မြေဩများကို စိုက်ပျိုးတောင်သူများမှ အကျိုးရှိရှိ အသုံးပြုကြဖို့လိုအပ်ပြီး လေလွှင့်ဆုံးရှုံးမှုမရှိစေရေးကိုလည်း အလေးထားကြဖို့လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနည်းပညာကို လိုအပ်မှုရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်နိုင်က နေကြာသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်၍ နေကြာသီးနှံအထွက်နှုန်းကောင်းမွန်မှုရရှိစေရေး စိုက်ပျိုးရေးတောင်သူများမှ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်မှုရှိစေဖို့နှင့် ထည့်သွင်းအသုံးပြုရမည့် ဓာတ်မြေဩဇာ ပမာဏများကို လည်း ထည့်သုံးပေးဖို့လိုအပ်ကြောင်း ပြောကြားကြသည်။ 


ထိုနောက် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာများကို ဌာနဆိုင်ရာတာဝန်ရှိသူတို့က စိုက်ပျိုးရေးတောင်သူများ ထံပေးအပ်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်မြေဩဇာကို ကျေးရွာအုပ်စု (၁၄)အုပ်စုမှ စံပြကွက်၊ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများနှင့် အကျိုးဆောင်တောင်သူ(၁၈၆) ဦးအားဓာတ်မြေဩဇာ အိတ်(၂၀၀)ကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)