နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး








MNP ၊ စက်တင်ဘာ ၃၀

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ စက်မှုဇုန်(၁)အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ကြီးတံခွန် မြို့နယ်ရှိ Super Mandalay Co.Ltd ၏ ဘုရင် ဘီစကစ်စက်ရုံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက်စက်ရုံအတွင်း ကုန်ကြမ်းအဆင့်မှထုပ်ပိုးမှုအထိ ကုန်ပစ္စည် များ အဆင့်ဆင့် ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပိုင်ဖြိုးမြန်မာ ကုမ္ပဏီ၏ အောင်နိုင်သူ တွင်နှင့်သံရည်ကျို လယ်ယာသုံးရေပန့် သံမဏိ သွန်းထည်လုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးအောင်ဆန်းက ကုန်ကြမ်း စုဆောင်းရရှိမှု၊ ကုန်ကြမ်းမှ တဆင့် သံရည်ကျိုချက်ပြီး စိုက်ပျိုးရေး လုပ်ငန်းသုံး ရေစုပ်ပန့် အပါအဝင် ပန့်အမျိုးမျိုးနှင့် ပန့်အပိုပစ္စည်းများ၊ သတ္တုသွန်းထည် ပစ္စည်းများ၊ ကြိတ်ခွဲရေး လုပ်ငန်းသုံး အပိုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံထည်ပစ္စည်းများ စသည်တို့ကို ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်း တင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးသည်။


ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မောရိယ တိုင်းရင်းဆေး ထုတ်လုပ်ရေး လုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် သီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်ဌေးဌေးခိုင်နှင့် စက်ရုံဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဆေးဝါးများ ထုတ်လုပ်နေမှုကို လှည့်လည် ကြည့်ရှု လေ့လာကြရာ ဒေါက်တာ ဒေါ်ဌေးဌေးခိုင်က လိုက်လံ ရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်ရုံခန်းမတွင် စက်ရုံမှူး ဦးနေဝင်းက မောရိယ တိုင်းဆေးဝါးကို ရှေးယခင် နှစ်ပေါင်း ၁၆၀ မှစ၍ ထုတ်လုပ်ခဲ့မှု၊ လက်ရှိအချိန်တွင် ဆေးဝါးများကို အဆင့်မီစွာဖြင့် ဆက်လက် ထုတ်လုပ်နေမှု အခြေအနေများကို Video clip ဖြင့် ရှင်းလင်း တင်ပြသည်။


ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်ရန်နှင့် ဓာတုဗေဒပစ္စည်းများ ကင်းစင်စွာဖြင့် ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးဝါးများကို ယခုထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ယခု မောရိယ ဆေးဝါးထုတ်လုပ်ရေးသည် နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်း ရှိပြီး ကောင်းမွန်သည့် အစဉ်အလာကောင်းများရှိသဖြင့် စနစ်တကျထိန်းသိမ်းပြီး အောင်မြင်အောင် ဆက်လက် ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးစက်ရုံ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။


မောရိယ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကို ၁၈၆၂ ခုနှစ်တွင် မြန်မာ တိုင်းရင်းဆေး ဆရာကြီး ဆရာခိုင်ကြီးက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အခါ မောရိယ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းသည် နှစ်ပေါင်း ၁၆၀ သက်တမ်း ရှိပြီဖြစ်ပြီး ယခုအခါ မောရိယ မန်းဆေး၊ အကြောဒဏ်ကြေလိမ်းဆေး၊ ချွဲသလိပ်ပျော် ရင်လူးဆေး၊ ရှုလိမ်းဆီ၊ ကွမ်းရွက်အခိုးပွင့်ဆေး၊ သွေးသန့်ဆေး၊ အနာကျက် ဆေးရည်များကို ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ထုတ်လုပ်ဖြန့်ချိ ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)