ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကလိုရိုက် ပိုးသတ်ဆေးရည်လိုက်လံ ပက်ဖျန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကလိုရိုက် ပိုးသတ်ဆေးရည်လိုက်လံ ပက်ဖျန်း

 



MNP - စက်တင်ဘာ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ပြန်လည်တွေ့ရှိလာရသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာနတို့၏ လမ်းညွှန်ချက်အရ ယမန်နေ့နေ့လည် ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ပိုးသတ်ဆေးရည် လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ရှုခင်းသာမြို့ပတ်လမ်း၊ ဗဟိုလမ်းနှင့် လေသာကွင်းကျောင်းလမ်းတစ်လျှောက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ဆေးရည်များအား မီးသတ်ယာဉ်ဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)