နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘော ဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တို့သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘော ဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တို့သို့ သွားရောက်လေ့လာ







MNP ၊ စက်တင်ဘာ ၅

ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘော ဌာနချုပ်နှင့် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့သို့ သွားရောက် လေ့လာကြည့်ရှုသည်။


ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် Makarov Pacific Higher Naval School သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး Rear-Admiral Vladimir Vasilievich BURAKOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းကျောင်း အတွင်း သင်တန်းသား အဆောင်နှင့် ဌာနများ ဖြန့်ခွဲဆောင်ရွက် ထားရှိမှု၊ နှစ်စဉ် သင်တန်းသားများကို စိစစ်ရွေးချယ် တက်ရောက်စေလျက် ရှိမှုနှင့် သင်တန်းသားများအား သင်တန်း နှစ်အလိုက်နှင့် ဘာသာရပ်အလိုက် သင်ကြား လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် သင်တန်းသမိုင်း အကျဉ်းတို့ကို ရှင်းလင်း တင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။


ယင်းနောက် ရေတပ်လေ့ကျင့်ရေး ကျောင်းအတွင်း လှည့်လည်၍ စာသင်ခန်းများ အတွင်း သင်ကြားမှု သင်ယူမှု အထောက်အကူပြု ပစ္စည်းများ၊ Multimedia Room များဖြင့် စနစ်တကျ လေ့ကျင့်ပေးလျက်ရှိမှု အခြေအနေများ၊ အလုပ်ရုံများအတွင်း သင်တန်းသားများ စက်မှု၊ လက်မှု ပညာရပ်များဖြင့် လက်တွေ့ လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများ၊ သင်တန်းသားများ၏ စားရေး၊ နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည့် အခြေအနေများ၊ စာကြည့်တိုက်ကို IT Technology စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သင်တန်းသားများကိုယ်တိုင် တီထွင်ထားရှိသည့် ဆိုလာစနစ်သုံး ရေယာဉ်အား စမ်းသပ်မောင်း နှင်လျက်ရှိသည့် အခြေအနေများ၊ ကြံ့ခိုင်မှုဌာန၊ အိပ်ဆောင်များ စသည်တို့ကို အသေးစိတ် စိတ်ဝင်တစား လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး၊ ဌာနအလိုက် တာဝန်ခံ နည်းပြအရာရှိကြီးများ၊ သင်တန်းသားများက လိုက်လံရှင်းလင်း တင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။


ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရေတပ် လေ့ကျင့်ရေးကျောင်း ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အမှတ်တရ ပစ္စည်းများ ဂါရဝပြု ပြန်လည် ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရေတပ် လေ့ကျင့်ရေးကျောင်းမှ Media သင်တန်းသားများ၏ သိရှိလိုသည်များနှင့် အကြံပြုလိုသည်များ မေးမြန်းမှုများအပေါ် လက်ခံ ဖြေကြားခဲ့ပြီး ရေတပ် လေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွာသည်။


အဆိုပါ Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် ရှိသည့် ရေတပ်လေ့ကျင့်ရေး ကျောင်းများအနက် တစ်ခုဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ Pacific Fleet အတွက် အရာရှိများကို ပြန်တမ်းဝင်အဖြစ် ခန့်အပ် ပေးလျက်ရှိပြီး ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ရုရှားနိုင်ငံ၏ တတိယမြောက် ရေတပ်လေ့ကျင့်ရေး ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ဖျား ရေငုပ်ဌာနချုပ် Pacific Fleet Headquarters သို့ ရောက်ရှိလေ့လာကြရာ Deputy Commander of Pacific Navy Fleet ဖြစ်သူ Rear-Admiral Vladimir ASTAKHOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရေငုပ်သင်္ဘော ဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ကမ်းကပ် ရေငုပ်သင်္ဘောများ၏ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Deputy Commander of Pacific Navy Fleet တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။


အဆိုပါ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်သည် ရုရှားနိုင်ငံ ရေပိုင်နက်များအတွင်း၌ ရေတပ်စစ်ရေး လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေးအတွက် နေ့/ညမပြတ် တာဝန်ထမ်းဆောင်လျက် ရှိသည့် ရေတပ်ဌာနချုပ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။


ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း Commercial Port OF Vladivostok သို့ ရောက်ရှိ လေ့လာကြရာ Far Easterm Shipyard Company (FESC) ၏ Mr. Andrey Severilov နှင့် Board of Directors အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် (FESC)၏ အကြီးအကဲက (FESC)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်စည်စီးဆင်းမှု ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဆိပ်ကမ်း လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ရှင်းလင်း ဆွေးနွေးမှုများ အပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍ မြှင့်တင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ကုန်စည် ပို့ဆောင်နိုင်မည့် အခြေအနေများနှင့် အခြား သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေး ပြောကြားသည်။


ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Far Easterm Shipyard Company(FESC) ၏ အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း Managing Director ဖြစ်သူ Mr. Vladimir Korchanov နှင့် တာဝန်ရှိသူများက Container Terminal နှင့် Universal Terminal တို့၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကိုယ်ပိုင် သင်္ဘောကြီးများ၊ ကွန်တိန်နာများ၊ ရထားလမ်းများ၊ ကုန်းလမ်း ပို့ဆောင်ရေး ယာဉ်များဖြင့် (FESC)၏ လုပ်ငန်းဆောင်ရွက်မှုကို လည်ပတ်လျက် ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။


အဆိုပါ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ၁၈၇၂ ခုနှစ်တွင် ရုရှားရေတပ် ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ပထမ ကမ္ဘာစစ်ကာလ အတွင်း ယင်းဆိပ်ကမ်းမှတဆင့် စစ်ဘက်သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက် ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလတွင် နိုင်ငံခြားမှ ကုန်တင်သင်္ဘောအချို့ စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၅၀ ပြည့်နှစ်အလွန် နှစ်များတွင် နိုင်ငံတကာမှ သင်္ဘောများ ဝင်ရောက် လာခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် Vladivostock အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဟူ၍ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံအရှေ့ပိုင်းတို့တွင် အကြီးဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)