စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများသန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများသန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ စက်တင်ဘာ ၃

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများသန့်ရှင်း သာယာရေးအတွက် စုပေါင်းအမှိုက် ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်နေရာများတွင် စုပေါင်းဆောင်ရွက်ကြသည်။


စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအား ပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ စုပေါင်းပါဝင်အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ကြသည်။


အဆိုပါစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီး ရင်ပြင်နှင့် ပရဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သတ္တဌာနလမ်းနှင့် စစ်တွေဟိုတယ်ဆင်းလမ်းတို့တွင်  လမ်းဘေးဝဲယာရှိ စွန့်ပစ် အမှိုက်များ၊ ပလပ်စတိတ်အိပ်များနှင့် ချုံနွယ်၊ ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို  မြို့သန့်ရှင်း သာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)