ငပုတောမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ



MNP - စက်တင်ဘာ   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီ‌ကျေးရွာအုပ်စုတွင် ခရိုင်နှင့် မြို့နယ်သီး‌နှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁ဝ နာရီ ၃၀ အချိန်က ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုက ဆွေးနွေးပြောကြားရာတွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး ကန့်ထရိုက် လယ်ယာစနစ် (Contract-Farming)၊ ဖော်ဆောင်ရေး လျာထားဆောင်းသီးနှံများ အပြည့်အဝ စိုက်ပျိုးရေးကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးဝင်းစိုးက ဆွေးနွေးပြောကြားရာတွင် ကန့်ထရိုက် လယ်ယာစနစ် (Contract-Farming)၊ ဆောင်ရွက်ရမည့် နည်းလမ်းများ သတ်မှတ်ချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်လယ်/စီ/အင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး‌နေဝင်းက ဆွေးနွေးပြောကြားရာတွင် ဆောင်းသီးနှံများ စိုက်ပျိုးရေးအတွက် စိုက်ပျိုးဖြစ်ထွန်းမည့် မြေနေရာ၊ ရွေးချယ်စုဖွဲ့ စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးအတွက် ပြန်ကြဲစိုက်ပျိုးခြင်းမပြုဘဲ တစ်ကွင်း တစ်စပ်တည်းစုဖွဲ့ စိုက်ပျိုး ဆောင်ရွက်ရန်၊ စိုက်ပျိုးမည့်မြေနေရာများ မြေဆီလွှာစမ်းသပ် စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


မြို့နယ်သီနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ဆွေးနွေး ပြောကြားရာတွင် ရိုးပြတ်ကျန်ဧက လျော့နည်းရေးအတွက် စီမံကိန်းတာဝန်ပေးအပ်ထားသည့် နွေးစပါးနှင့် ဆောင်သီးနှံဧကများ အပြည့်အဝစိုက်ပျိုးရေးနှင့် ကျန်ဧကများအတွက် အခြားသီးနှံတစ်မျိုးမျိုး စိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး ကန်ထရိုက်လယ်ယာ စနစ်(Contract- Farming)အတွက် ဆွေးနွေးပြောကြား သည်။


‌တက်ရောက်လာသော ဒေသခံတောင်သူများ၏ မေးမြန်းဆွေးနွေးမှုများအား ခရိုင်နှင့်မြို့နယ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့တို့မှ လိုအပ်သည်များကို ပြန်လည် ဆွေးနွေးပြောကြားခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Does ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)