ဒဂုံမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်



MNP - စက်တင်ဘာ   ၅


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ မင်္ဂလာရာမကျောင်းတွင် ယမန်နေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာသို့ ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။


အပတ်စဉ်သန့်ရှင်းရေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ထွေ/ အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ ဌာနဆိုင်ရာများပူးပေါင်းလျက် အင်အား(၇၂)ဦးဖြင့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များ သိမ်းဆည်းခြင်း၊ မြက်ချုံနွယ်ရှင်းလင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ အမြင်မတင့်တယ်သည်များ ရှင်းလင်းသိမ်းဆည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ လုပ်ငန်းများဆောင်ရွက်ရာမှ ထွက်ရှိသော အမှိုက်သရိုက်များအား အမှိုက်သိမ်းယာဉ်(၁)စီးဖြင့် ယာဉ်ခေါက်ရေ(၁)ခေါက်သယ်ယူစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ အပတ်စဉ်ဌာနပေါင်းစုံဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြခြင်းကို အပတ်စဉ်တိုင်းစုပေါင်းဆောင်ရွက်လျက်ရှိကြပြီး ထိုကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် မြို့နယ်သန့်ရှင်းသာယာလှပစေပြီး ပြည်သူများ စိတ်လက်အပန်းဖြေစရာနေရာများ ပိုမိုတိုး ပွားလာစေမည့်အပြင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


သတင်း - မေသန္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)