ရမည်းသင်းမြို့၌အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့၌အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိ



MNP - စက်တင်ဘာ  ၂၅ 


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစီစဉ်ဖြင့်ရမည်းသင်း မြို့အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့နယ်ဆီကုန်သည်ကြီးများ အသင်းတို့ပူးပေါင်း၍ ရမည်းသင်းမြို့နယ် နေပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် စက်တင်ဘာ  ၂၅ ရက်နံနက် ၇နာရီခွဲကစ၍ ရမည်းသင်းမြို့၊ ရန်အောင်မြင်ဓမ္မာရုံရှေ့တွင် ရောင်းချပေးလျက်ရှိသည်။


ထိုသို့ ရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်လျှင် ၁၅၀ဝိ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ(၂၈၀၀)ကျပ်၊ အာလူး၊ ကြက်ဥတစ်လုံး၁၆၀ကျပ်၊ စည်သွပ်ဘူး၊ အိုင်အိုဒင်းဆားနှင့် ဟင်းသီးဟင်းရွက်တို့ကို လည်းကောင်း၊ မြို့နယ်ဆီကုန်သည်များ အသင်းမီပိဿာ(၅၅၀)ကို တစ်ဦးလျှင် ဆီ (၅၀)ကျပ်သား (၂၆၀၀)ကျပ်ဖြင့်လည်းကောင်း ပြည်သူများ လက်ဝယ်အရောက် လွတ်လပ်စွာရောင်ချခြင်းကို အမှတ်(၃)စစ်အခြေခံလေ့ကျင့်တပ်၊ အရာရှိစစ်များ၊ စည်းကမ်းထိန်း သိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊  အဖွဲ့ဝင်များမှရောင်းချ ပေးခဲ့ကြောင်းသိရသည်။


အခြေခံစားသောက်ကုန်ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေခြင်းကို ရမည်းသင်းမြို့အမှတ်(၃)စစ် အခြေခံတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးနှင့် ဝန်ထမ်းများ၊မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်နှင့် ဝန်ထမ်းများကကိုဗစ်ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီနှာခေါင်းစည်း (Mark)များ၊အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)