မြောင်းမြမြို့နယ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့နယ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 


MNP - စက်တင်ဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ယမန်နေ့ နံနက် ၈ နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကညင်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုကို တောင်ပေါ်စုကျေးရွာ၊ သာသနာ ဟိတကာရီ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး ကျေးရွာအတွင်း လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊  လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားဆိုင်ရာကိစ္စများ စသည့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ကျေးလက်ပြည်သူများ၏ တင်ပြချက်များအား  ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ကျေးရွာအတွင်းရှိ ကိုဗစ်ကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေး၊ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)