ဂွမြို့နယ်တွင် ပြည်သူမှ ပြည်သူသို့ ဆန်နှင့်ဆီများ လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမြို့နယ်တွင် ပြည်သူမှ ပြည်သူသို့ ဆန်နှင့်ဆီများ လှူဒါန်း

029

030

031

032


MNP ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ယမန်နေ့ နေ့လည်ပိုင်းက  ပြည်သူမှ ပြည်သူသို့  ဆန်နှင့်ဆီများ လှူဒါန်းခြင်းကို ဆင်ကူးကျေးရွာ ခေမာသီရိ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


လှူဒါန်းသူမှာ ယခင်က တိုင်ကျိုးကျေးရွာ တပင်တိုင်ကျောင်းတိုက်၌ သီတင်းသုံးပြီး ယခုတောင်ကိုရီးယားနိုင်ငံ ၊ ဂယောင်းဂျူမြို့၌ သီတင်းသုံးနေသည့် ဆရာတော် ဦးပဏ္ဏိနှင့်အလှူရှင်ဒါယိကာ၊ ဒါယိကာမများဖြစ်ကြပြီး ဆရာတော်နှင့်အလှူရှင်များကိုယ်စား မနှင်းအိငြိမ်း(တိုင်ကျိုးကျေးရွာနေသူ)က ဆင်ကူးကျေးရွာ၊ ဆားချက်ကြီးကျေးရွာ၊ ဆားချက်လေးကျေးရွာနှင့် ကျောက်ချပ်ကျေးရွာ တို့ရှိ အိမ်ထောင်စု(၂၅၀)အတွက် တစ်အိမ်ထောင်လျှင် (၁၀)ပြည်ဆန့် ဆန်အိတ်(၁) အိတ်နှုန်းဖြင့် ဆန်အိတ်(၂၅၀)အိတ်အား လည်းကောင်း၊ ဆင်ကူးကျေးရွာရှိ အိမ်ထောင်စု(၁၀၀)အတွက် တစ်အိမ်ထောင်လျှင်ဆီ(၁)ဘူးနှုန်းဖြင့် ဆီတစ်လီတာဆန့်ဘူး(၁၀၀)အားလည်းကောင်း   ပြည်သူများလက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages