လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေး ပင်စင်ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းက လူမှုရေးပင်စင်များကို အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက် ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးပါရန် ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ချောစုခိုင် နှင့် မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းတို့မှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ကြသည်။ လူမှုရေးပင်စင်များကို အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား(၉၇၁)ဦးအား ငွေကျပ်(၂၉၁၃၀၀၀၀)သိန်းကို ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီအရာရှိ ဒေါ်စန်းစန်းဝင်းနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား တက်ရောက် ခဲ့ကြသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)