မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့် မန်းစက်တော်ရာဘုရားကြီးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့် မန်းစက်တော်ရာဘုရားကြီးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေလှူဒါန်းပွဲ ကျင်းပ

 


MNP - စက်တင်ဘာ   ၂၁


မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့် မန်းစက်တော်ရာဘုရားကြီးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများအား လျှောက်ထားခဲ့ပြီး သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အလှူငွေတိုးမြှင့် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မကွေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသော သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့်မန်းစက်တော်ရာ ဘုရားကြီးအတွက် အလှူတော်ငွေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဂေါပကအဖွဲ့အသီးသီးထံ ပေးအပ်းလှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့များကိုယ်စား သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် မကွေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ရေစက်ချ အနုမောဒနာတရား နာယူခဲ့ပြီးနောက် “ဗုဒ္ဓသာသနံ စိရံတိဠတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)