မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ စိန်ပန်းမြိုင်လမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းရာနူန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ စိန်ပန်းမြိုင်လမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းရာနူန်းပြည့်ပြီးစီး

 



MNP -  စက်တင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့်ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၈၆.၇၆) သန်းဖြင့်မြို့မရပ်ကွက်ရှိ  စိန်ပန်းမြိုင်လမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ရာနူန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါကွန်ကရစ်လမ်းသည် အရှည်(၁၉၃၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မရှိ ကွန်ကရစ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ခဲ့‌ကြောင်း၊ ယခုအခါကွန်ကရစ်လမ်းပြီးစီးပြီဖြစ်သည့်အတွက် ရပ်ကွက်နေပြည်သူများ သွားလာရေးပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ လမ်းများကောင်းမွန်လာသည့်အတွက် မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝများမြင့်မားလာပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ သွားလာလုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေ‌ပြေသွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)