MNP - စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း အန္တရာယ်ကင်းဝေးစေရေးအတွက် နောင်ချိုမြို့လုံးဆိုင်ရာ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပူဇော်ခြင်း အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များမှ ဓမ္မစကြာဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment