မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၂)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၂)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ  ၂၉


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၂)လအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်ရှိနေသေးသူများအား အကြိမ်နှုန်းပြည့် ဆက်လက်ထိုးနှံနိုင်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင် သွားလာကြရန်၊ အိုးအိမ်ဌာနမှ ဆောက်လုပ် ထားသည့် ဝန်ထမ်းအိမ်ယာများတွင် နယ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်သည့် အရာထမ်း/အမှုထမ်း များကို ဦးစားပေးအနေဖြင့် နေထိုင်ခွင့်ပြုသွားရန်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်သွားရန်၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးလုပ်ငန်းတွင် မြို့နယ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၊ ရုံးများလုံခြုံမှု အထူးဂရုပြုကြ ရန် ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို သက်ဆိုင်ရာဌာနများမှ အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)