ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်



MNP -  စက်တင်ဘာ   ၃


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်၊ သူဌေးကုန်ရပ်တို့တွင် ဩဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁ ရက်နေ့က ပေးအပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးသင့်ပြည်သူနှစ်ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၄၂၀၀/-ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၂၀၀၀၀၀/- ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို ရေနံချောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။


ဖြစ်စဉ်မှာ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်၊ သူဌေးကုန်းရပ်တွင် ဩဂုတ် ၃၀ ရက် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်က Air-con အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)