MNP ၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကန်တော့ပလ္လင်မြတ်စွာဘုရားဝင်း အတွင်း/အပြင် တို့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်သော စုစုပေါင်းအင်အား (၂၀၀)ဦး တို့က ကန်တော့ပလ္လင်မြတ်စွာဘုရား၏ ဘုရားစေတီတော်မြတ်နှင့် ဘုရားရင်ပြင်တို့အား သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ဘုရားပုရဝုဏ် အတွင်းအပြင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment