(၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနား ပေါက်တောမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနား ပေါက်တောမြို့၌ ကျင်းပ







MNP ၊ စက်တင်ဘာ ၉

(၈၃) နှစ်မြောက်  ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပေါက်တော မြို့ သာသနာ့ဗိမာန်ခြံဝန်းအတွင်းရှိ ဦးဥတ္တမရုပ်ထု၌ ကျင်းပသည်။

ထို့နောက် ရခိုင်မင်္ဂလာစည်တော်တီးပြီး ဆရာတော် ဦးဥတ္တမအား အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အဖြစ် တက်ရောက်လာသူများက တစ်မိနစ်ငြိမ်သက်စွာ ဂါရဝပြုခြင်း၊ (၈၃) နှစ်မြောက်  ဆရာတော်ဦးဉတ္တမနေ့ အထိမ်းအမှတ် အဖြစ် အဆိုပါပန်းခြံအတွင်းရှိ ဆရာတော်ဦးဉတ္တမရုပ်တုရှေ့တွင် ရပ်ကွက်အ သီးသီးမှ ဒေသခံတိုင်း ရင်းသားပြည်သူများက ပန်းခြင်း၊ ပန်းခွေ၊ပန်းစည်းများနှင့် အမွှေးနံ့သာတို့ဖြင့် ဆက်ကပ်ဂုဏ်ပြုကြကြောင်းသိရသည်။

ဆရာတော်ဦးဥတ္တမသည် စစ်တွေမြို့ဖွား ရခိုင်အမျိုးသားဖြစ်ပြီး  ၁၈၇၉ ခု ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရူပမြောက်ရပ်ကွက်၌ ဖွားမြင်သည်။မိဘနှစ်ပါးမှာ ဦးမြသာဦးနှင့် ဒေါ်အောင်ကြွဖြူတို့ဖြစ်သည်။ငယ်မည် ပေါ်ထွန်းအောင်ဖြစ်ပြီး ငယ်စဉ်ကပင် ပညာထူးချွန်သူဖြစ်သည်။ စစ်တွေမြို့ရွှေစေတီ ဆရာတော်ထံတွင် ရှင်သာမဏေပြုပြီး ရှင်အမည်မှာ ဉတ္တမ ဖြစ်သည်။ အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဠိ၊ သင်္သကရိုက်၊ တိဗက်၊ နာဂရီ စသည့် စာပေများကို တတ်ကျွမ်းကြောင်း သိရသည်။မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လမ်းပြခဲ့သူဖြစ်သည်။ မြန်မာတွင် သာမက အာရှတိုက်သားတို့ လွတ်လပ်ရေးအတွက် အာရှနိုင်ငံများသို့ လှည့်လည်တရားဟောခဲ့သဖြင့် " အာရှနေဝန်း ရှင်ရဟန်း" ဟု တင်စားခေါ်ဝေါ်ကြသည်။ ၁၉၃၉ ခု စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)