နောင်ချိုမြို့နယ်၌ ချစ်ကြည်ရေးဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ချစ်ကြည်ရေးဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်ဆောင်ရွက်



MNP - စက်တင်ဘာ   ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ချစ်ကြည်ရေး ဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွှဲ ၃ နာရီ အချိန်က CR-7 ဖူဆယ်ဘောလုံးကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုပြိုင်ပွဲတွင် နောင်ချိုမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသားအသင်း (၁၄)သင်း ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် အင်မော်တယ်FCအသင်းနှင့် MFZ FCအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အင်မော်တယ်FCအသင်းမှ ခြောက်ဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယ ရရှိသောအသင်းများအား တာဝန်ရှိသူများက ဆုတံဆိပ်လည်ဆွဲကတ်များနှင့် ဒိုင်းဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ချစ်ကြည်ရေး ဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်းသည် အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊  အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ တရားသော ယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


အဆိုပါပြိုင်ပွဲသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ ဘောလုံးအားကစား ချစ်မြတ်နိုးသူပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)