မဟာအောင်မြေမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူများနှင့် တွေ့ဆုံ‌ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူများနှင့် တွေ့ဆုံ‌ပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၆


မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်းပါဝင် သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဉ်ရပ်ကွက်၊ လက်ပံတန်းဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား(၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  ရပ်ကွက်အတွင်းတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး ဆန္ဒမဲပေး ပိုင်ခွင့်ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများအား ချပြရှင်းလင်းခြင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်းသာယာစွာနေထိုင်နိုင်ရေး၊ နယ်စပ်ရောက်နေသူများနေဖြင့် မိမိရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်လိုပါက ကြိုဆိုလက်ခံဆောင်ရွက်လျက်ရှိကြောင်း ချပြရှင်းလင်းခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန ဦးစီးမှူးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ဆောင်ရွက် ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင် ကိုင် ဆောင် နိုင်ရေး ချပြရှင်းလင်းခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိမှ ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ရေး၊ (၁)နှစ် အောက် ကလေးတိုးချဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နှင်း ဆောင်ရွက်နေ သည့်ကိစ္စရပ်များအား ရှင်းလင်းခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်သူများအနေဖြင့် နိုင်ငံတော်သို့ပေးဆောင်ရသည့်လျှပ်စစ်မီတာခများအား ပေးဆောင်ရန်လိုကြောင်းချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသည့်ပြည်သူများမှ ၃၅ လမ်း၊ ၇၃×၇၄လမ်းကြားတွင်း လမ်းမီးမလင်းမှု၊ ၇၃ လမ်း၊ ၃၅× ၃၆လမ်းကြားတွင် အမှိုက်ကားများပုံမှန်လာရောက်ရေးကိစ္စ၊ ၃၆×၃၇ လမ်းကြား၊ ၃၅×၇၄ လမ်းထောင့် ရေမြောင်းများပိတ်ဆို့နေမှုကိစ္စများ တင်ပြခဲ့မှုအ‌ပေါ် သက်ဆိုင်ရာ ဌာနများမှ ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)