လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် အတွက် ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် အတွက် ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်



MNP - စက်တင်ဘာ   ၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လ အတွက် MCCT အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က MCCT အကျိုးခံစားခွင့်ရှိသူများအနေဖြင့် သတ်မှန်ချက်နှင့်အညီ အချက်အလက်များကို ဖြည့်သွင်းကြရန်၊ မိမိကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များအနေဖြင့် ထောက်ပံ့ငွေများ ရရှိရေးအတွက် တင်ပြတောင်းခံကြရန်၊ MCCT အကျိုးခံစားခွင့် ရရှိရေးအတွက် လိုအပ်သော ထောက်ခံချက်များကို ပြည့်စုံစွာ ဆောင်ရွက်ကြရန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ် ခဲ့သည်။


၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသော လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန် ဆောင်မိခင်(၁၀၉၅)ဦး၊ ကလေး(၄၂၂၅)ဦး စုစုပေါင်း(၅၃၂၀)ဦး အတွက်ထောက်ပံ့ငွေ(၂၂၃၄၁၀၀၀၀)ကျပ်၊ ပိုင်ကျုံမြို့တွင် ကိုယ်ဝန် ဆောင်မိခင် (၆၀၃)ဦး၊ ကလေး (၂၅၆၄)ဦး စုစုပေါင်း(၃၁၆၇)ဦးအတွက် ထောက်ပံ့ငွေ(၁၃၃၉၃၅၀၀၀)ကျပ်နှင့်ရှမ်းရွာသစ်မြို့တွင် ကိုယ် ဝန်ဆောင်မိခင်(၉၂)ဦး၊ကလေး(၃၆၅)ဦး စုစုပေါင်း(၄၅၇)ဦးအတွက် ထောက်ပံ့ငွေ (၁၈၉၁၅၀၀၀)ကျပ် စုစုပေါင်း ကိုယ်ဝန်ဆောင်မိခင် (၁၇၉၀)ဦး၊ ကလေး(၇၁၅၄)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၃၇၆၂၆၀၀၀၀)ကျပ်ကိုပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)