သံတွဲခရိုင်၊ ငပလီမြို့၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊ ငပလီမြို့၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  စက်တင်ဘာ ၇

သံတွဲခရိုင်၊ ငပလီမြို့ ၌ယနေ့  မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့  နယ်ဦးစီးမှူး၊ဒေါ်သန်းနုကပြည်ထောင် စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့်ရုံးလုပ် ငန်းလက်စွဲစာအုပ်အခန်း(၈)ပါစာပေး စာယူအမျိုးအစားရည်ရွယ်ချက်အားရှင်းလင်းပြီးဝန်ထမ်းများအနေဖြင့်ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်တရား ဝင်ခိုင်မြဲမှုရှိစေရန်အလို့ငှာအထောက် အထား၊မှတ်တမ်းထားရှိရန်လိုအပ်သ ဖြင့်ဌာနတစ်ခုမှတစ်ခုသို့ဖြစ်စေ၊ဌာနတွင်း၌ဖြစ်စေ စာပေးစာယူစနစ်ဖြင့်ဆက်သွယ်ဆောင် ရွက်ရမည်ဖြစ် ကြောင်း၊သတ်မှတ်ထားသောပုံစံများ၊အမျိုးအစားနှင့်လိုက်နာကျင့်သုံးရမည့်အချက်အလက် များကိုစနစ်တကျလိုက်နာဆောင်ရွက်စေရန်ရည်ရွယ်၍  ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသည့်ဝန်ထမ်းများကရုံးလုပ်ငန်းလက်စွဲစာအုပ်  အခန်း(၈)ပါ စာပေးစာယူအမျိုးအစား( ၅)မျိုးကိုဝန်ထမ်းများကဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေး နွေးခဲ့ကြောင်းသိရသည်။


သန်းနု

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)