အထက ဇင်းကျိုက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက ဇင်းကျိုက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်





MNP ၊ စက်တင်ဘာ   ၁၃

ပေါင်မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန နှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယနေ့  နေ့လယ်က ရတနာမွန်ခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကစာဖတ်ခြင်း၏ကောင်းကျိုးများ၊ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုမခံရအောင် မိမိကိုယ်ကိုယ်ကာကွယ်ကြရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ကကျောင်းသား/သူ များအတွေးအခေါ် မြင့်မားဖို့ စာပေလေ့လာဖတ်ရှုစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

 တစ်ဆက်တည်းမှာပင် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုရုံး မော်လမြိုင်မှ ရဲအုပ်စိုးကျော် ကလူကုန်ကူးမှုအဓိပ္ပါယ်နှင့် လူကုန်ကူးမှုဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပေါင်မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးအောင်မင်းနိုင် က အခုချိန်မှာ ကိုဗစ် ရောဂါများဖြစ်ပွားနေပြီးဖြစ်သည့်အတွက် မိမိကိုယ်ကို ကာကွယ်ကြရန် အမြဲလက်ဆေးကြရန် တိုက်တွန်းဟောပြောခဲ့သည်။

တစ်ဆက်တည်းမှာပဲ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဇင်သက် က စားသောက်ကုန်များကို စားသောက်ကြရာတွင် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ကုန်စည်/ဝန်ဆောင်မှုများကို လုပ်ငန်းရှင်များအကြား လွှဲပြောင်းရောင်းချပြီးနောက် စားသုံးသူနစ်နာပါက ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းဟောပြောခဲ့သည်။

အထက ဇင်းကျိုက်  ကျောင်းအုပ်ဆရာမကြီး ဒေါ် မြင့်ဌေး က ဟောပြောပွဲ ကျင်းပပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား၊ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေး နံရံကပ် စာစောင်၊လက်ကမ်းစာစောင်နှင့် စာအုပ်ပြပွဲများကို ပြသခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သား ခဲ့ကြောင်းသိရသည်။


မွန်မလေး


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)