ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး




MNP - စက်တင်ဘာ   ၈


 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်ရုံ/ အလုပ်ရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိ (တပ်ကလေး)  ကျေးရွာအနီး၊ မြန်မာမုဒိတာ ဖောင်ဒေးရှင်း စက်မှုနယ်မြေအတွင်း SUDEY အထည်ချုပ်စက်ရုံ၊ ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်းဘေးရှိ SPC Adidas ဖိနပ်စက်ရုံနှင့် Pungkook Myanmar အိတ်အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စက်ရုံတာဝန်ခံများက ကုမ္ပဏီ၏ သမိုင်းကြောင်း၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု၊ ဒေသခံဝန်ထမ်း ခန့်ထားနိုင်မှုနှင့် စက်ရုံ၏ အနာဂတ် ရည်မှန်းချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ရုံများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူများအား ထပ်ဆောင်း Booster ထပ်မံထိုးနှံနိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းကောင်းများ ရရှိနိုင်သည့် အခြေအနေများနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးအချိန်ပြည့်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်အနီး အနောက်ဘက် မြို့ရှောင်လမ်းဆုံ၌ ဆောင်ရွက်လျက်ရှိသော ဘုရင့်နောင်ရင်ပြင် ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး Land Scaping Design များ ခေတ်နှင့်အညီဖြစ်စေရေးနှင့် အလှပန်းခုံများ ပြန်လည် အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုဒ် စောင်းတန်းအတွင်း ရွေ့လျားစက်လှေကား တပ်ဆင်နေမှုအား  သွားရောက် ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)