(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတွဲမြို့၌စုပေါင်းသွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတွဲမြို့၌စုပေါင်းသွေးလှူဒါန်း


MNP ၊ စက်တင်ဘာ ၁၄

၂၀၂၂ခုနှစ်, အောက်တိုဘာ (၁)ရက်နေ့တွင်ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတွဲခရိုင်ရဲတပ်ဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက် ၉း၃၀နာရီက သံတွဲခရိုင်ပြည်သူ့ဆေးရုံ သွေးလှူဌာန၌ ကျင်းပပြုလုပ်သည်။

ထိုသို့သွေးလှူဒါန်းရာတွင် ခရိုင်/မြို့နယ်နှင့် ရဲတပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ၂၀ဦးမှ သွေးအလုံး(၂၀)အားစုပေါင်းလှူဒါန်းကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ၊အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးနိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး အဟာရဖြည့်အစားအစာများအား ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)